11/24/2008

Ten Things I Hate About Myself

Posted by လင်းဦး(စိတ်ပညာ) |

ကို Zerotrash က Tag ထားပါတယ်တဲ့.....................

၁။ ကော်ဖီအလွန့် အလွန်သောက်တတ်တဲ့အကျင့် (တစ်နေ့ ကော်ဖီထုပ် -၂၀ကျော်သောက်လို့) ။

၂။ ရိုက်ကွင်းတွင် ဟောင်ဖွာဟောင်ဖွာ လုပ်တတ်ခြင်း။
၃။ တဇွတ်ထိုး မလုပ်ဖြစ်အောင်ထိန်းသော်လည်း လုပ်လုပ်ဖြစ်သွားတဲ့အကျင့် ။
၎။ အတွေးနယ် လွန်တတ်ခြင်း ။
၅။ ကိုယ်မှန်တယ်ထင်ရင် တစ်ဖက်သားကို မညှာမတာ ပြောတတ်တဲ့အကျင့် ။
၆။ သူများရည်းစားအတွင်းရေးတွေကို ကဗျာ လုပ်လုပ်ပစ်တဲ့အကျင့် ။
၇။ သီချင်းဆိုရင် မိုက်ကိုလုံးဝ လက်ကမချတော့ခြင်း ။ (အပေါင်းအသင်းတွေကို အားနာဖို့ကောင်း၏)
၈။ မသွားချင်ဆုံး နေရာဖြစ်သော ဆေးရုံသို့ ခဏခဏသွားနေရခြင်း ။
၉။ ညဖက် တော်ရုံနှင့် မအိပ်တတ်ခြင်း ။
၁၀။မရေးနိုင်သေးဘဲ စာမူခ ကြိုကြိုထုတ်တတ်ခြင်း ။

အဟဲ ကျွန်တော် ဒီနေ့မှ ပြန်ပြီး Tag ဖို့ စဉ်းစားလိုက်မိတယ်။ အဲ့ဒါနဲ့ပဲ .........
(၁) ဒေါက်တာ Nyan (ရေးပြီး)
(၂) ညီလေး မင်းယွန်း
(ရေးပြီး)
(၃) ညီလေး မောင်ငယ်
(၄) ညီလေး ဟန်လင်းထွန်း
(၅) ညီလေး သီဟငြိမ်
(၆) ညီလေး ဇောင်း (ရေးပြီး)
(၇) ညီငယ် အဲလာ
(၈) မသက်ဇင်
(၉) ညီမငယ် သွန်းသွန်း
(၁၀) ညီမငယ် ရွှန်းမီ




လင်းဦး(စိတ်ပညာ)

Print ပရင့်ထုတ်ရန်

9 comments:

Republic said...

ကိုလင်းဦး အကျင့်ကောင်းလေးတွေကို လာဖတ်သွားတယ်ဗျာ ၊၊ :P

pandora said...

ဒီလိုအကျင့်တွေရှိသကို.. ကြိုထုတ်ထားတဲ့ စာမူခကို အပေါင်းအသင်းတွေကို အကုန်လိုက်ကျွေးပစ်ခြင်းရော မပါဘူးလား။

thihanyein said...

ဘယ်ကိုရည်ရွှယ်ပါလိမ့်အကိုရေ**

လင်းဦး(စိတ်ပညာ) said...

မပန်ဒိုရာရေ.... ကျွန်တော် ကျွေးပါတယ်ခင်ဗျ။ (အရက်မတိုက်တော့ မလိုက်ကြတာများ၏) အဟဲ..

ညီလေး သီဟငြိမ်းရေ.... ဘယ်ကိုရည်ရွယ်ပါလိမ့်ဆိုတော့ ကိုယ်က ဘာကိုဖြေရပါ့ :)

mgngal said...

ကော်ဖီ အထုပ် ၂၀ သောက်တာတော့ အံ့သြတယ်ဗျာ ။ တစ်ကယ်လားဗျ
ကိုလင်းဦး ။ :)

လင်းဦး(စိတ်ပညာ) said...

ကိုမောင်ငယ်ရေ.... ဆရာဝန်က ဖြတ်ခိုင်းပါတယ်။ ကျွန်တော် ကိုယ်၌က မဖြတ်နိုင်သေးဘူးဖြစ်နေတာပါ :)

ရွှန်းမီ said...

:-) Tag ကို ခုမှ မြင်တယ်.. အရှေ့ဘက်က အကြွေးတွေ ရှိသေးတယ်.. ဖြည်းဖြည်းပေါ့နော်.. =)
ခုကတည်းက ရေးဖို့ ပျင်းနေမိပြီ..။

Dr. Nyan said...

ရေးပြီးပါကြောင်း..ကိုလင်းဦးရေ။

ရွှန်းမီ said...

ရေးပြီးသွားပါပြီ =)
ရှေ့လူတွေကျော်ရေးမိလို့ စိတ်တောင် မကောင်းဘူး

Subscribe